သဲအင်း ဇွဲတင်း အမြဲလင်း
ဦးလဝဲသုဓမ္မဆရာတော်ဘုရားကြီး

မူလသဲအင်းဂူဆရာတော်ဘုရားကြီး

ဦးဥက္ကဌ

သဲအင်း ယောဂီ " ကိုယ့်စိတ်ကိုယ်စစ် "

သဲအင်းဂူဆရာတော်ဘုရားကြီး၏ထေရုပ္ပတ္တိအကျဉ်းချုပ်

ဖွားမြင်တော်မူခြင်း

သဲအင်းဂူဆရာတော် အလောင်းအလျာ မောင်အောင်ထွန်းအား မှော်ဘီမြို့နယ် နှောကုန်းကျေးရွာနေ ဦးသော်တာနှင့်ဒေါ်မယ်အံ့တို့မှ ၁၂၇၄ ခုနှစ် တပေါင်းလဆန်း၁၀ရက်(တနင်္ဂနွေနေ့) နံနက်၈နာရီခန့်အချိန်တွင် မီးရှူးသန့်စင်ဖွားမြင်တော်မူသည်။ မွေးချင်း (၇) ယောက်ရှိသည့်အနက် တတိယမြောက် သားရတနာ ဖြစ်ပါသည်။ ဆရာတော် အလောင်းလျာကို မိဘများမှ အသက်အရွယ် ငယ်စဉ်ကပင် ကျောင်းထားစာသင် စေခဲ့သော်လည်း စာပေပညာထူးချွန်စွာ တတ်မြောက်ခြင်း မရှိခဲ့ဘဲ မြန်မာစာ သင်ပုန်းကြီး အဆင့်ဖြင့် ဘုန်းကြီးကျောင်းမှ ကျောင်းထွက်ခဲ့ရပါသည်။ ဆရာတော် အလောင်းအလျာသည် အသက်(၁၅)နှစ်အရွယ်မှာ အိမ်ထောင်ကျခဲ့ပြီး အသက် (၄၅)နှစ် တိုင်အောင် ကောင်းဆိုး နှစ်ထွေ ရောပြွန်းသည့် လောကီဓမ္မ သဘာဝတရားများကို တွေ့ကြုံခံစား ခဲ့ရပါသည်။ ဤသို့ သဘာဝ လောကဓံကို ကြံ့ကြံ့ခံ၍ ရုန်းကန် တက်လှမ်း ခဲယဉ်းစွာ ဖြတ်သန်းခဲ့ရသော ဆရာတော်အလောင်းလျာသည် သုံးဝဋ်နောင်အိမ် ဒုက္ခစက် အရှိန်မှ လွတ်မြောက်ရန်အချိန်တန်ပြီ ဖြစ်သောကြောင့် တစ်နေ့သောအခါတွင် စွန်းလွန်းဂူကျောင်း ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိစာအုပ်ကို အကြောင်းပြု၍ သတိတရားရပြီး ဓမ္မသံဝေဂ ဖြစ်ခဲ့ပါသည်။

ပထမမဂ်

(၁၃၂၁)ခုနှစ် တော်သလင်းလဆန်း (၁၁)ရက် စနေနေ့မွန်းလွဲသာသာ အချိန်တွင်ရရှိတော်မူခဲ့ပါသည်။

ဒုတိယမဂ်

(၁၃၂၁)ခုနှစ် သီတင်းကျွတ်ညွှန်း (၉)ရက် စနေနေ့တွင် အမကြီး ဒေါ်ဖွားစိန်၏ ခြံ အုန်းနှဲပင်အောက်တွင်ရရှိတော်မူခဲ့ပါသည်။

တတိယမဂ်

(၁၃၂၁)ခုနှစ် တပေါင်းလပြည့်ကျော် (၄)ရက် ၊ အင်္ဂါနေ့ ညနေ (၃)နာရီ အချိန်အုန်းနှဲပင် နှင့် မနီးမဝေးအရပ်နေရာ၌ရရှိတော်မူခဲ့ပါသည်။ ဆရာတော် အလောင်းလျာသည် တတိယမဂ်ကို ရပြီးသည့် အချိန်မှစ၍ ဖြူနီကြောင်ကြား အဝတ်များ ဝတ်ဆင်ခြင်းကို မပြုတော့ဘဲ ပိတ်ဖြူ အဝတ်ကိုသာ ဝတ်ဆင် ပါတော့သည်။

စတုတ္ထမဂ်

(၁၃၂၃)ခုနှစ် နယုန်လပြည့်ကျော် (၂) ရက် စနေနေ့ နံနက် (၈:၀၀) နာရီနှင့် (၉:၀၀)နာရီ ကြားအချိန်တွင် မှော်ဘီမြို့ ရဟန်းဒါယကာ ဦးစုရ နေအိမ်တွင် ရရှိတော် မူခဲ့ပါသည်။


ကျေးဇူးတော်ရှင် သဲအင်းဂူ ဆရာတော်ကြီး

သက်တော် (၆၁) နှစ် သိက္ခာတော်(၁၂)ဝါ သာသနာပြုနှစ်(၁၁)နှစ် အရ (၁၃၃၅) ခုနှစ် ဝါဆိုလဆန်း (၉)ရက် တနင်္ဂနွေနေ့ ညနေ (၄: ၄၅) နာရီ အချိန်တွင် ဘဝသံသရာ ဝဋ်ဒုက္ခ ခန္ဓာဇာတ်သိမ်း၍ အပြီးတိုင် ချုပ်ငြိမ်းတော် မူခဲ့ပါသည်။

See More

Introduction To ThaeInnGu

သဲအင်းဂူဆိုတာဘာလဲ ?

ရန်ကုန်မြို့၏အပြင်ဘက်ရှိ မှော်ဘီမြို့နယ် နှောကုန်းကျေးရွာတွင်တည်ရှိသော သဲအင်းဂူကျောင်းတိုက်သည် မြန်မာနိုင်ငံတွင် အနုမောဒနာပြု ဝိပဿနာကျင့်စဉ်နှင့် ဓမ္မဝိနယ၏ မီးရှူးတန်ဆောင်တစ်ခုဖြစ်သည်။ ဆရာတော် ဦးဥက္ကဌ၏ လမ်းညွှန်မှုဖြင့် တည်ထောင်ထားသော ....

ဘယ်မှာရှိသလဲ ?

သဲအင်းဂူကျောင်းတိုက်သည် မြန်မာနိုင်ငံ မြောက်ဘက် မှော်ဘီမြို့နယ်တွင် တည်ရှိသည်။ ဤနေရာသည် ၎င်း၏ အေးချမ်းသာယာသော ကျေးလက်လေထုကြောင့် ....

ဘယ်သူ တည်ထောင်ခဲ့သလဲ ?

သဲအင်းဂူဆရာတော် ဦးဥက္ကဌ (၁၉၁၃-၁၉၇၃) သည် သဲအင်းဂူဝိပဿနာ အစဉ်အလာကို တည်ထောင်သူဖြစ်ပြီး မြန်မာလူမျိုး အလွန်လေးစားထိုက်သူဖြစ်သည်။ မယိမ်းမယိုင်သော စည်းကမ်းနှင့် လေးနက်သော သဘောဖြင့် လူသိများသော ဆရာတော် ဦးဥက္ကဌသည် ပြင်းပြသော ....

See More

"လူသေရင်သေ မသေရင်ကိလေသာသေ"

ကျေးဇူးတော်ရှင်မူလသဲအင်းဂူဆရာတော်

Our Activities

ကျောင်းတိုက်ဝန်းအတွင်း သန့်ရှင်းသာယာလှပစေရန်နှင့် သာသနာ့ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ရည်ရွယ်၍...

2026-10-21

စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြုလုပ်ခြင်း

More Details

လူမှုအသိုင်းအဝိုင်းအတွင်း အကူအညီလိုအပ်နေသူများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်နိုင်ရန် လှူဒါန်းမှုနှင့် ပရဟိတ...

2026-10-21

လိုအပ်သူများအား လှူဒါန်းကူညီခြင်း

More Details

ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များကို နာယူလေ့လာပြီး နေ့စဉ်ဘဝတွင် လက်တွေ့ကျင့်သုံးနိုင်စေရန် တရားနာယူခြင်းနှင့် တရ...

2026-10-21

တရားနာယူခြင်းနှင့် တရားအားထုတ်ခြင်း

More Details
Check More Activities >>